Thursday, May 23, 2013


ဘာမှမလုပ်ခင် Huawei Driver တွေ မိတ်ဆွေရဲ့ Computer ထဲမှာ အဆင်သင့်ထည့်ထားသင့်ပါတယ်..

Driver ကို ဒီမှာ ဒေါင်းပါ.. ဒါမှ မဟုတ်.. ဒီမှာ ဒေါင်းနိုင်ပါတယ်..

လိုအပ်တဲ့ Software ကို အောက်ကလင့်မှာ အရင်ဒေါင်းထားလိုက်ပါ..
Download
Recovery အရင်ခေါ်ရပါမယ်..
ဖုန်းကို ပါဝါပိတ်လိုက်ပါ.. ပြီးရင် Volume- (အသံလျှော့ခလုပ်) နဲ့ Power ခလုပ်ကို တွဲပြီး ဖိနှိပ်ထားပါ.. ဖုန်းပါဝါပွင့်လာပြီး လိုဂိုမှာ ရပ်နေတဲ့အထိ တွဲနှိပ်ထားမှာဖြစ်ပါတယ်..
ပြီးရင် ခုနက ဒေါင်းထားတဲ့ Zip ဖိုင်ကို ဖြည်လိုက်ပါ.. အဲဒီထဲမှာ C8650 Recovery v2.1 နဲ့ update.zip နှစ်ဖိုင်ထွက်လာပါမယ်..
အဲဒီထဲက C8650 Recovery v2.1 ကို Run ဖို့ အဆင်သင့်ပြင်ထားပါ.. မ Run ရသေးပါဘူး..  ဖုန်းကို USB ကြိုးနဲ့ ကွန်ပျူတာကို ချိတ်လိုက်ပါ..
ခုမှ C8650 Recovery v2.1 ကို Run ပေးလိုက်ပါ.. ကလစ်တစ်ချက်ထောက်ပြီး Enter ခေါက်ပေးလိုက်ရင်ရပါတယ်.. သူ့ဘာသာသူ အလုပ်လုပ်ပြီး ဖုန်းပိတ်သွားပါမယ်.. ခဏနေလို့ ဖုန်းပါဝါမပိတ်ရင် ဓါတ်ခဲကို ဖြုတ်ပြီး ၅ စက္ကန့်လောက်စောင့်ပြီး ဓါတ်ခဲပြန်ထည့်ပါ
ခဏလေးနဲ့တော့ ပါဝါမပိတ်လို့ဆိုပြီး ဓါတ်ခဲဆွဲမနှုတ်နဲ့ပေါ့ဗျာ.. နည်းနည်းသင့်တော်ရုံလောက်တော့ အချိန်စောင့်ပေါ့.. ဖုန်းကို ပါဝါမဖွင့်နဲ့အုံးနှော်
အခု ဖုန်းထဲကို ထည့်တဲ့ SD Card တစ်ခု လိုပါတယ်.. အဲဒီထဲမှာ ဘာဖိုင်မှ ရှိမနေရပါဘူး.. အသစ်လည်းရတယ်.. ဖိုင်ရှိနေရင်လည်း Format ချလိုက်ပေါ့နှော်..
အဲဒီ SD Card ထဲကို ကွန်ပျူတာမှာ ခုနက ဒေါင်းပြီးဖြည်ထားတဲ့ဖိုင်ထဲက Update.zip ဖိုင်ကို ထည့်လိုက်ပါ.. ပြီးရင် အဲဒီ SD Card ကို ဖုန်းထဲကို ထည့်လိုက်ပါ..
ပြီးရင် ဖုန်းရဲ့ Volume + ခလုပ်နဲ့ Power ခလုပ်နှစ်ခုကို တွဲဖိနှိပ်ထားလိုက်ပါ. Recovery Menu တက်လာပါပြီ...
အဲဒီမှာ အပေါ်အောက်ရွှေ့ဖို့ Volume + /- ခလုပ်တွေကိုသုံးပါ.. ၀င်ဖို့ power ခလုပ်ကိုသုံးပါ..
တရုတ်နဲ့ အင်္ဂလိပ်စာတွေကြားမှာ အင်္ဂလိပ်စာနဲ့ update.zip ဆိုတာလေးကို တွေ့ရဲ့လား.. အဲဒီကိုရောက်အောင် စောစောကပြောခဲ့တဲ့ Volume အပေါင်းခလုပ်နဲ့ အနှုတ်ခလုပ်ကို နှိပ်ရင်းရွှေ့ပါ.
ရောက်ရင် power ခလုပ်ကို တစ်ချက်နှိပ်လိုက်ပါ.. ဒါ update.zip ကို ၀င်တာပေါ့ခင်ဗျာ..
ပြီးရင် ဖုန်းရဲ့ Touch ပေါ်က မှန်ဘီလူးပုံလေး.. ရှာတဲ့ခုလုပ်လေးလေ. အဲဒါကို တစ်ချက်နှိပ်လိုက်ပါ..  ဒါဆိုရင် ခုနက ထည့်ထားတဲ့ update.zip ကို ထပ်တွေ့ရပါမယ်..
အဲဒါကိုလည်း power ခလုပ်ကို တစ်ချက်နှိပ်ပြီး ၀င်လိုက်ပါ.. သူ့ဘာသာသူ Root ဖြည်ပြီး ဖုန်းပါဝါ ပြန်တက်လာပါမယ်... မတက်လာရင်တော့ ဓါတ်ခဲကို ဖြုတ်ပြီး ပြန်ထည့်ပေါ့ခင်ဗျာ.. စိတ်တော့ နည်းနည်းရှည်ပေးလိုက်ပါ
ခု ပါဝါကို ဖွင့်လိုက်ပါတော့.. list ထဲကို ၀င်ကြည့်လိုက်လို့ Super user ဆိုတဲ့ အရိုးခေါင်းပုံ application ကိုတွေ့ရင်တော့ မိတ်ဆွေရဲ့ဖုန်း အမြစ်ပေါ်ပါပြီ.. အမြစ်တော့ တူးလိုက်တာပေါ်သွားပြီ.. ကျန်တာမပေါ်ပါစေနဲ့..

ဒီနည်းက Mobile House ရဲ့ နည်းပါ.. အဆင်ပြေပါတယ်...

နောက်တစ်နည်းကိုလည်း တင်ပေးလိုက်ပါတယ်.. ဒီနည်းကတော့ ကျွန်တော် မလုပ်ဖူးပါဘူးခင်ဗျာ..
ဒါပေမယ့် အထက်ကနည်းနဲ့ အဆင်မပြေရင် လုပ်လို့ရအောင်လို့ပါ..


Huawei C8650 ကို Recovery မှ ဖလက်ရှ်လုပ်၍ Root နည်း
လိုအပ်တဲ့ Huawei Driver များကိုတော့ ဒေါင်းထားလိုက်ပါ ... ။:)

ပထမဆုံး http://dl.vmall.com/c0iil199co မှာ C8650REC.5.0.2.3 file size က (6.04 MB) ဆိုတာကို နှိပ်လိုက်

login form ကျလာရင်..

mmuc.share@gmail.com

password: don'tchange

ရေးထည့်ပြီး  enter ခေါက်လိုက် ၊ အဲ့ကောင်ကိုအရင်ဒေါင်းပါ .. ။

ပြီးရင် C8650 Root_zip ကိုပါဒေါင်း .. Root.zip ဖိုင်ကို SD ကဒ်ထဲ ထည့်ထားပါ ... ။

ပြီးရင် ပါဝါပိတ်ပြီး ခဏစောင့်ပါ .. ။

Fastboot Mode ထဲဝင်ရန် Vol Down + Power ကို ဆယ်စက္ကန့်လောက် နှိပ်ပေးပါ ... ။

Huawei Logo မှာတင်ရပ်နေတဲ့အခါ ကွန်ပျူတာနဲ့ချိတ်လိုက်ပါ .. ။

ပထမဦးဆုံးဒေါင်းထားတဲ့ Install-recovery-windows.bat ကိုနှိပ်လိုက်ပါ ...။

waiting for device ပေါ်နေပြီး ခဏစောင့်ပေးပါ .. ။

ဖုံးကသူ့ဘာသာအလုပ်လုပ်ပြီး နောက်ဆုံး Restart ကျသွားပါလိမ့်မယ် ... ။

ဖုံးဘက်ထရီကို ခဏဖြုတ်ပြီး ငါးစက္ကန့်လောက်စောင့်ပေးပါ ... ။

Recovery Mode ထဲသို့သွားဖို့ Vol Up + Power ကို ၇ စက္ကန့်၊ ၈ စက္ကန့်ခန့် နှိပ်ပေးပါ ... ။

Recovery mode ၀င်သွားလျှင် ဘူးသီးငါးပေါင်းကြော် စာတွေကို တွေ့ရပါလိမ့်မယ် :D :D :D

အဲ့ဒီထဲမှာ SD ဆိုပြီးပါတဲ့  နေရာလေးကို ၀င်ပေးပါ ... ။ Recovery mode ထဲမှာ Vol down, Vol up, နဲ့ သွားပြီး Power ခလုတ်ကို အသုံးပြုရမှာပါ ...။

SD ဆိုတဲ့နေရာကိုဝင်ပြီး ပထမဦးဆုံးတစ်ခု ကိုဆက်ဝင်ပါ ... ။ SD ကဒ်ထဲက ဖိုဒါတွေ၊ ဖိုင်တွေ တွေ့ရင် အဲ့ဒီထဲက Root.zip ဆိုပြီး ကော်ပီလုပ်ထားတဲ့ ဖိုင်လေးကို

Apply လုပ်ပါ.. ။ အဲ့ဒီမှာ အပေါ်တစ်ကြောင်းအောက်တစ်ကြောင်း

အပေါ်အကြောင်းမှာ C8650 root zip ဆိုပြီးပါပါတယ်။ အဲ့ဒီ C8650 root zip ထဲဝင်လိုက်ရင် သူ့ဘာသာ အလုပ်လုပ်ပြီး  နောက်ဆုံး အင်္ဂလိပ်လို Install complete Good Lucky ဆိုပြီး

ပေါ်လာပါလိမ့်မယ် ... ။ ပြီးတာနဲ့ ဘက်ထရီသာ ဆွဲဖြုတ်လိုက်ပါ ... နောက် ပြန်တပ်လိုက်ပါ ... ။ ဒါဆိုရင် အားလုံး Done ပါပြီ ... ။ ဘူသီးငါးပေါင်းကြော်နဲ့ အင်္ဂလိပ်လို ရောထားတဲ့

RE ဆိုတဲ့ဟာကို ၀င်လိုက်ပါ ... ။ Super User permission တောင်းရင် Allow လုပ်ပေးလိုက်ပါ ... ။ နောက်ဆုံး အမြစ်တူးလို့ ပြီးပါပြီ ... ။

အမြစ်တူးပြီးတဲ့နောက် မြန်မာဖောင့် ထည့်ဖို့ ဦးသူရိန်ရဲ့ Zawgyi installer နဲ့ Myan key ကို Install လုပ်ပြီး အသုံးပြုနိုင်ပါပြီ .... ။

0 comments:

Calender

လိုတာရှိရင်မှာထားခဲ့ပါ

အလည်လာသူများ

Blog Archive

Popular Posts