
Sony Xperia Z ကို CWM တင်ပီး Root လုပ်တဲ့ နည်းလေးပါ ။ ဒီ Page လေးက
ကိုယ့်အတွက် ကိုယ်မှတ်ထားသလားအောက်မေ့ရတယ် ။
၁ခုခု မေ့နေပီဆိုပြန်ကြည့် ပြန်လုပ်နဲ့ အဆင်တော့ပြေသား ။ Online
မှတ်ထားတဲ့နေရာလေး ကိုဖြစ်ရော ။
Xperia Z မှာ [4.3] 10.4.B.0.569 - 10.4.1.B.0.101 က စပီး Unlock
လုပ်ပီးမှာ Root လုပ်ဖို့အဆင်ပြေပါတယ် ။ ကျွန်တော်သိသလောက်အခုအချိန်ထိပေါ့ ။*#*#7378423#*#* > Service info > Configuration > Rooting Status မှာ
_Bootloader unlock allowed မှာ Yes ဆိုရင် Unlock မလုပ်ရသေးပါဘူး ။
_Bootloader unlock မှာ Yes ဆိုရင် Unlock လုပ်ပီးသားပါ ။
Xperia Z ကို Root လုပ်ဖို့ Unlock မလုပ်ရသေးဘူးဆိုရင် ပထမဆုံး Unlocking The BootLoader လုပ်ရပါမယ် ။
Unlocking The BootLoader လုပ်နည်းကို ဒီမှာ လေ့လာနိုင်ပါတယ် ။
CWM တင်ဖို့အတွက် CWM Install For Xperia Z
Root (SuperSu) အတွက် UPDATE-SuperSU-v1.86အပေါ်က ၂ ခု ဒေါင်းပီးရင် စလုပ်လို့ရပါပီ ။
၁ ။ CWM တင်ဖို့အတွက် CWM Install For Xperia Z.zip ကိုဖြည်ပါ
။ ဖြည်လို့ရလာတဲ့ Folder ထဲက boot.img ကို Copy ကူးပါ ။ ပီးရင် fastboot
Folder ထဲထည့်ပါ ။ (* fastboot Folder က Unlock လုပ်တုန်းက အသုံးပြုခဲ့တဲ့
Folder လေးပါ)
၂ ။ UPDATE-SuperSU-v1.86.zip လေးကို ဖုန်းရဲ့ SD card ထဲထည့်ထားပါ ။ CWM တင်ပီးရင် Run ဖို့အတွက်ပါ ။
၃ ။ unknown sources ရယ် Usb debugging ကို On ထားလားစစ်ပါ ။ ပုံမှန်အားဖြင့် Unlock ခုမှလုပ်ပီးသားဆို On ပီးသားဖြစ်နေမှာပါ ။
၎ ။ မိမိ ဖုန်းကို (Shutdown) ပါဝါ ပိတ်လိုက်ပါ ။
၅ ။ Computer မှာ တပ်ထားတဲ့ Usb ကြိုးနဲ့ ဖုန်းကို Volume - (down) နှိပ်ထားပီး ထိုးလိုက်ပါ ။ မီးအပြာလေး လင်းလာပါလိမ့်မယ် ။ မီးအပြာလေး မလင်းဘူးဆို ပြန်လုပ်ပါ ။
၆ ။ fastboot Folder ထဲက နေရာလွတ် ၁ နေရာမှာ Shift+Mouse Right Click
>Open command window here ကို ရွေးလိုက်ပါ ။ Command Prompt ၁ ခု
တတ်လာပါလိမ့်မယ် ။ (Shift+Mouse Right Click >Open command window here
ကိုဘာလို့ သုံးလည်းဆိုတော့ အခုဖွင့်ထားတဲ့ Fastboot Folder တည်နေရာကို
တန်းရောက်ချင်လို့ပါ ။ Command သုံးနေကျမဟုတ် တဆင့်ချင်း သွားရင်
အမှားများပီး ကြာနိုင်လို့ပါ )
၇ ။ Command Prompt ပေါ်လာပီ ဆိုရင် fastboot flash boot boot.img ဆိုတာ ရိုက်ပီး Enter နှိပ်ပါ ။
၈ ။ Finished ဆိုတဲ့ Message လေး ပေါ်လာပီ ဆိုရင် CWM တင်တာ အောင်မြင်စွာ ပြီး ဆုံးသွားပြီ ဖြစ်ပါတယ် ။
၉ ။ ဖုန်းကို Usb ကြိုးကနေဖြုတ်ပါ ။ Power ဖွင့်ပါ ။ Sony
Logo လေးပေါ်တဲ့အချိန် မီးခရမ်း ရောင်လေး ပေါ်လာပါလိမ့်မယ် ။
မီးခရမ်း ရောင်လေး ပေါ်လာလာခြင်း Volume - (down) ကိုနှိပ်ထားပါ ။ CWM
ထဲဝင်သွားပါလိမ့်မယ် ။

၁၀ ။ အပေါ်က ပုံလေးလို CWM ထဲရောက်သွား ပီဆိုရင် Install zip from sdcard ကိုဝင်ပါ
(* Volume + (Up) Volume - (down) နဲ့အပေါ်အောက်ရွှေ့တာပါ ။ Power Button နဲ့ အထဲကို ဝင်တာပါ )
၁၁ ။ sd card ထဲမှာ ကိုယ်ထည့်ထားတဲ့ UPDATE-SuperSU-v1.86.zip ဆိုတာလေးကို
ရှာပါ ။ ပီးရင် အဲ့အပေါ်မှာ Select ရောက်နေပီးဆို ဝင်လိုက်ပါ ။ Run
သွားပါလိမ့်မယ် ။ Run ခါနီး Yes - No မေးရင် Yes ထပ်ဖြေပေးပါ ။
၁၂ ။ အောက်မှာ SuperSu ကို System ထဲထည့်နေတာတွေ့ရပါလိမ့်မယ် ။
Finish ဖြစ်သွားပီဆိုရင် SuperSu သွင်းတာပီးသွားပါပီ ။ ပီးရင် Back
နဲ့ထွက်ပါ ။ Reboot System Now ကိုဝင်ပီး Reboot လုပ်လိုက်ပါ ။
ဖုန်းပြန်တတ်လာပီဆိုရင် SuperSu လေးပေါ်နေပီး Root ဖြစ်သွားပီဖြစ်ပါတယ် ။
* C 6603 Root လုပ်ပီးရင် Rotate မရတော့ဘူးဆိုတာရယ် 101 တော့ဖြစ်နေတယ် 101
Update ထွက်နေတယ် ဆိုပီး ပေါ်နေတာ အတွက် ဖြေရှင်းနည်း လေး
ထပ်ရေးပေးလိုက်ပါတယ် ။
အမှန်ကတော့ Karnel ပြန်သွင်းပေးလိုက်ရင် အာ့တွေ အဆင်ပြေသွားမှာပါ ။ Flash
tool နဲ့ Firmware ပြန်တင်တဲ့နည်းအတိုင်းပါပဲ ။ မလိုတာလေးတွေဖြုတ်ပီး
လိုတာလေးတွေ ပဲ ရွေးတင်လိုက်ရုံပါ ။
၁။ Flash Tool ကိုဖွင့်ပါ ။ (Flash tool က firmware Folder ထဲမှာ ကိုယ်တင်ခဲ့တဲ့ Firmware ကိုရှိမရှိပြန်စစ်ပါ)
၂။ မိုးကြိုးပုံ Flash ကိုနှိပ်ပါ ။ Flashmode ကိုရွေး OK နှိပ်ပါ ။
၃။ ကိုယ်တင်ထားတဲ့ Firmware ကိုရွေးပါ ။
---- Wipe ထဲက - APPSLOG - CACHE - DATA ကို အမှန်ခြစ်ဖြုတ်ပါ
---- Wipe ထဲက - APPSLOG - CACHE - DATA ကို အမှန်ခြစ်ဖြုတ်ပါ
---- Exclude ထဲက - KERNEL - FOTA က လွဲရင် ကျန်တာ အမှန်ခြစ်ပါ
---- Misc ထဲက - No final verification ကို အမှန်ခြစ်ပါ ။
ပီး Flah လုပ်လိုက်ပါ ။

၎။ ဖုန်းမှာ Back ခလုပ်နှိပ် USB တပ်နေတဲ့ ပုံလေးပြပီ ဆို ရင်
ပိတ်ထားတဲ့ဖုန်းကို Volume down (Vol - ) နှိပ်ပီး ကြိုးထိုးလိုက်ပါ ။
စက္ကန့်ပိုင်းအတွင်း Finish ဖြစ်သွားပါမယ် ။ ပီးရင် USB ကြိုးကိုဖြုတ်ပီး
ဖုန်းပါဝါပြန်ဖွင့်ပီးသုံးကြည့်လိုက်ပါ အဆင်ပြေနေပါလိမ့်မယ် ။ :)
------------------------
Huawei G5 about phone cannot type?
ReplyDelete