Samsung Galaxy S6 ကို Root လုပ်နည်းအပေါ်က link
မှာတုန်းက Download ရယူခဲ့တဲ့
CF-Auto-Root-zeroflte-zerofltexx-smg920f.zip ဖိုင်ကို zip file ဖြည်တဲ့
software တစ်ခုခု (7Zip,Win RAR… etc) နဲ့ဖြည့်လိုက်ပါ။
CF-Auto-Root-zeroflte-zerofltexx-smg920f.tar.md5
Odin3-v3.07.exe
Odin3.ini
tmax.dll
zlib.dll ဆိုတဲ့ ဖိုင်ငါးဖိုင်ကို ရပါလိမ့်မယ်။
ယင်းဖိုင်ငါးဖိုင်ထဲက Odin3-v3.07.exe ကို Run လိုက်ပါ။
သင့်ရဲ့
Samsung Galaxy S6 ကို Power Off လိုက်ပါ။ ပြီးလျှင် Vol Down(Vol -) +
Power + Home Key သုံးခုကိုတစ်ပြိုင်တည်း တွဲနှိပ်ပါ။ Download Mode
Welcome Screen ပေါ်လာရင် Vol Up (Vol +) ခလုတ်ကိုနှိပ်ပြီး Download Mode
ထဲဆက်ဝင်ပါ။
ပြီးလျှင် သင့်ရဲ့ Samsung Galaxy S6 ကို USB
ကြိုးအသုံးပြုပြီး ကွန်ပျူတာဖြင့် ချိတ်ဆက်ပါ။ ချိတ်ဆက်တာကို ကွန်ပျူတာက
သိတယ်ဆိုရင် Odin ဆော့ဝဲထဲမှာ Added! ဆိုပြီးပေါ်လာပါမယ်။ အောက်ပုံ
အတိုင်းပါ။
အကယ်လို့ Added!! ဆိုတဲ့ Message မပေါ်ဘူးဆိုရင် ပြန်လည် လုပ်ဆောင်သင့်တာတွေက
– သင့်ရဲ့ကွန်ပျူတာမှာ Samsung Kies ကဲ့သို့သော Samsung Driver Latest ကို Install ပြုလုပ်ထားပါ။
–
အကယ်လို့ Driver သွင်းထားပြီးသားကို Added!! မပေါ်တာဆိုရင် USB
ကြိုးအခြားကြိုး တစ်ကြိုးပြောင်းလဲ အသုံးပြုကြည့်ခြင်း၊ ကွန်ပျူတာမှ အခြား
USB Port တစ်ခုခုမှာပြောင်းတပ်ကြည့်ခြင်းတို့ကိုပြုလုပ်ကြည့်ပါ။
Added!!
ဆိုတဲ့ Message ပေါ်တယ် ဆိုရင်တော့ Root Process ကို
ဆက်လက်လုပ်ဆောင်ပါမယ်။ Odin ဆော့ဝဲထဲက PDA ခလုတ်ကိုနှိပ်ပါ။
ဖိုင်ရွေးတဲ့ Box ပေါ်လာလျှင် ခုနက Download လုပ်လို့ရလာတဲ့
ဖိုင်ငါးဖိုင်ထဲက CF-Auto-Root-zeroflte-zerofltexx-smg920f.tar.md5 file
ကိုရွေးပေးလိုက်ပါ။
ပြီးလျှင် Start ခလုတ်ကိုနှိပ်ပါ။
Reset
/ Pass ဆိုပြီးပေါ်လာပြီဆိုရင်တော့ CF Auto Root File ကို ဖုန်းမှာ
Flash တဲ့အဆင့်ပြီးဆုံးသွားပါပြီ။ ဖုန်းကလည်း auto reboot ကျသွားပါမယ်။
Samsung Galaxy S6 ကို Root လုပ်တဲ့ Process အောင်မြင်စွာပြီးဆုံး သွားပါပြီ။
ဖုန်းက
root ဖြစ်မဖြစ်ကို စမ်းသပ်လိုလျှင်တော့ PlayStore မှာ “RootChecker” app
တွေ ရှိပါတယ်။ ယင်း app တစ်ခုခုဖြင့် ဖုန်းက Root Access ရမရ
စစ်လို့ရပါတယ်။
အားလုံးပဲ အဆင်ပြေကြပါစေ။
Ref: TheAndroidSoul
Thet Naing Soe (Myanmar Mobile App)
http://www.facebook.com/thetnaing.mmas